Fund For Cyclone Of Myanmar

Fund  For  Cyclone Of  Myanmar

Traditional Of Russian

Traditional Of Russian

IT ရဲ့ကြိုးတစ်မျှင်  

Posted by sensorheart

I T ရဲ့  ကြိုးတစ်မျှင်
ရာသီဥတုရဲ့ နိုးဆော်မှုနဲ့ မျက်တောင် တချက် ခတ်ပြီး
လောကကြီးကို ကြည့်လိုက်တယ် …
နေရောင်ခြည်ကို စူးစူးရှရှ ထိလိုက်လို့ နွေးထွေးမှုနဲ့အတူ
မြန်မာပြည်ရဲ့ အငွေ့အသက်တွေကို သတိရနေမိတယ် ...
“သားရေ ... အိပ်ရာထပြီးစာကျက်တော့ လေ” ဆိုပြီ: အမေ့ရဲ့ အသံ အစား
တချက်ချက် မြည်နေတဲ့ နိုးစက်နာရီ လေးကို အစားထိုးခဲ့ ရတာတောင် အတော်ကြာပြီပဲ .....
ပြန်မဖွင့်မိတဲ့ အထီးကျန် ဆန်နေတဲ့ မနေက လွယ်အိပ်လေးကို ဆွဲပြီး ...
ဂမှုးရှုးထိုးကျောင်းကို ပြေးပြီးတော့
ရောက်မလာသေးတဲ့ bus ကားကို အတွေးပေါင်း ၁၆၀၀၀ နဲ့
စောင့်ခဲ့ရတဲ့ရက်တွေလဲ များလှပါပြီ …
ပြင်းရီစွာ ဖတ်ကျော်နေရတဲ့ အချိန်လေးမှာ
တခဏတာရရှိတဲ့ လူဘ၀လေးကို ပျော်ပျော်နေတတ်ဖို့
Chatting တွေဝင်မိခဲ့ရင်း ဒီဇတ်လမ်းလေး စလာပါတော့တယ်။
တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေ ဗလှယ်ကြရင်း …
စိတ်ခံစားမှု အကြောင်းအရာလေးတွေကို ရင်ဖွင့်ရင်း ဒီလောကလေးထဲမှာ
ကျွန်တော်ပျော်မွေ့ခဲ့ပါတယ်…
Hi နေကောင်းလား ဘာတွေလုပ်နေလဲ။ ဆိုပြီး Formularဆန်ဆန် လူတွေနဲ့စကားပြောမိသလို
လူဘ၀ရဲ့ အခက်အခဲတွေကို ဖြတ်ကျော်ရင်း စိတ်ပူပန်မှုများ နေတဲ့ သူငယ်ချင်းတွေရဲ့
ရင်ဖွင့်သံတွေ ၊ နိုင်ငံရပ်ခြားမှာ သမုဒရာ ၀မ်းတစ်ထွာ ဆိုသလို အလုပ်လုပ်ကိုင်နေကြတဲ့
အဝေးရောက် ဘ၀တူ သူငယ်ချင်းတွေနဲ့ မြန်မာပြည် အကြောင်း တစေ့တစောင်း ဆွေးနွေးရင်း
ကျောင်းပြန်လာ ချိန်တိုင်း Mail Box ကိုဖွင့်ရတဲ့ အလုပ်တစ်ခုကလဲ တိုးလာတာပေါ့….


မနေ့ကမိုးမိလို့ ဖျားချင်နေတာနဲ့ ဆေးသောက်ပြီး အိပ်မယ်လုပ်တုန်း
တိတ်ဆိတ်နေတဲ့ အခန်းထဲကို အသံတခုက တဇွတ်ထိုးဝင်ရောက်လာတယ်…
ဘာပါလိမ့် ဆိုပြီးထကြည့်တော့ idel ပြနေတဲ့ ကျွန်တော် nick လေးကို
ရဲရဲဝင့်ဝင့်နဲ့ လာပြီး မိတ်ဆက်တဲ့ကောင်မလေးပေါ့ …
“စိုင်း နေကောင်းလားတဲ”့
Formular မကျတဲ့ ခက်တိုတို အဖြေတစ်ခုကို ရိုက်လိုက်မိတယ်..
“ကျွန်တော်ဖျားနေလို့ အစ်မ” ချက်ချင်းဆိုသလို သူမ ဆီကနေ reply ပြန်လာတယ်…
“အရမ်းအေးလို့လား ဟင်… ကျန်းမာရေး ဂရုစိုက်မှပေါ့မောင်လေးရယ် … နေကောင်းအောင်နေနော်…
ဘာလိုသေးလဲ အိမ်နဲ့ကော အဆက်အသွယ် ရသေးလား…” တဲ့
မိဘရဲ့ အရိပ်နဲ့ ဝေးခဲ့ရတဲ့ သူမို့ အားငယ်နေတဲ့ အချိန်မှာ ကြင်ကြင်နာနာရှိရှာ တဲ့
ကောင်မလေးတစ်ယောက်ကို သံယောဇဉ်တွေ ဖြစ်မိသလို ကျေးဇူးလဲတင်မိတယ်။
ပျက်တုန်း လတ်တုန်း ၂၃ ဆိုသလို ဖုန်းဆက်ဖို့က မဖြစ်နိုင်တော့
သူကပဲ အိမ်ကို ဖုန်းဆက်ပေးခဲ့တယ်။
သြော် ….လူချင်းမမြင်ဘူးပေမယ့် ကူညီတတ်တဲ့ သူစိတ်ကလေးကို
ကျွန်တော် လေးစားမိပါတယ်။


စာတွေက အရမ်း ခက်တာပဲ အစ်မရာ…. ဘာတွေမှန်းကို မသိတော့ပါဘူး…
မောင်လေး မသိရင်မေးလေ မမ သိသလောက် ပြောပြမှာပေါ့…
သြော် …. ဟုတ်သား ပဲ … သူက Computer Master နောက်ဆုံးနှစ်ကို….
အာလုံးမဟုတ်ပေမယ့် ပုဒ်စာတွေ အတွက် စာတချို့ကို သူမ ဆီကရလိုက်တယ်….
အပြင်က မသိတဲ့ စာအကြောင်းတွေလဲ သိရသလို …
ဖော်ရွှေ တတ်တဲ့ သူရဲ့ စိတ်ကလေးကိုလဲ အချိန်တိုတိုလေးမှာ သိလာရတယ်….


တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီ အားပေးရင်း
ကျွန်တော်တို့ ဆုံတွေခဲ့ကြတာတွေကို အမှတ်ရလို့ ရေတွက်ကြည့်တော့
သြော် … ဘာလိုလိုနဲ့ ၆ လတော်ကျော်ခဲ့ပြီပဲ …
သူ မလာရင် အလိုလို မျှော်နေတတ်လာသလို
Mail လေးတွေပုံမှန်ပို့ရတာလဲ တာဝန်တစ်ခုလို ဖြစ်လာတယ်လေ…
မပြောပဲနဲ့ နားလည်မှုကတော့ ကျွန်တော်နဲ့ သူနဲ့ Chat ကျရင်
တစ်ယောက် Typping တစ်ယောက်က စောင့်ပြီး ချက်ခြင်းပြန်ပြောတာပေါ့
သူအတွက် ကျွန်တော်က ခင်မင်စရာ သူငယ်ချင်း တစ်ယောက်ပင်မယ့်
ကျွန်တော် စိတ်ထဲတော့ မရိုးမသား သူကို သံယောဇဉ် ရှိနေမိတယ် …
ဖြစ်နိုင်ရင်သူအတွက် ကမ္ဘာကြီးတစ်လုံး ၀ယ်ပြီး
သနားစာနာတတ်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့
နှစ်ယောက်ထဲ အတူတူနေချင် လာတယ်…
အပြင်မှာ ရည်းစားတွေထားခဲ့ဘူး ပေမယ့် သူကို ချစ်တယ်လို့ ပြောဖို့ကို
နူတ်ကဆွံအနေမိတယ.်.. မ ရယ်…

ကဲဒီနေ့တော့ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ချက် ချလိုက်တယ် …
သူကို တောင်းပန်ဖို့ပေါ့ … သူရောက်လာတာနဲ့
မ…. စိုင်းတောင်းပန်စရာရှိတယ် ..
“ပြောလေမောင်လေး ဘာများလဲ …”
စိုင်းပြောပြီးရင် မ စိုင်းကို ခွင်း မလွတ်ရဘူးနော် မမ….
“အမယ် … ဘာတွေမို့လို့လဲ စိုင်းရယ် …”
ဟုတ် …. မမ က မောင်လေးအပေါ်မှာ စေတနာထား ဆက်ဆံနေပေမယ့်
စိုင်း ဘက်ကတော့ မ ကို တိတ်တိတ်လေးချစ်နေမိလို့ပါ မရယ် …
အဲ……နာရီသံတွေ ရပ်တန့်သွားတာလား …အချိန်တွေအလုပ် မလုပ်တော့တာလား
တော်တော်ကြာကြာ သူ ဘက်က Reply မပြန်ဘူး…
ကျွန်တော် ရင်တွေ ခုန်ရလွန်းလို့ စွမ်းအားကုန်ပြီး ရပ်တန့်သွား သလား မသိဘူး
Screen ကြီးကို ငေးကြည့်နေမိတယ် ….


ချစ်သူ!
မခေါ်ပဲရောက်ရောက်လာတယ် ….
မနှင်ပဲတိတ်တိတ်လေးထွက်သွားတာ…
နှလုံးသားတံခါးရွက်လေးတောင် မစေ့ခဲ့ဘူး…
အဲဒီတော့ အလွမ်းတွေ ၀င်လာတာပေါ့ ….
ခဏ ခဏ ထုတ်ကြည့်လွန်းလို့ သတိရတာတွေတောင်
လေသလပ်ကုန်ပြီ ….
ပြန်လာပါတော့ကွာ…
လွမ်းလိုမသေပေမယ့် သေလုအောင်လွမ်းတဲ့
အကြောင်းတွေကို ပြောပြချင်လို့ ….

အချစ်ရဲ့ မျှော်လင့်ခြင်း လမင်း....(၁)  

Posted by sensorheart

မိုးလည်းမရွာ....နေလည်းမပူ....နှင်းလည်းမကျတဲ့ ဒီဇင်ဘာညတစ်ညပေါ့......
အဲ့ဒီနေ့မှာ လောကကြီးက ကောင်လေးတစ်ယောက်ကိုအူဝဲဆိုတဲ့ သံစဉ်ကို ဟစ်ကြွေးခွင့်ပေးခဲ့ပါတယ်.....ကောင်လေး....ကောင်လေး.....
လောကကြီးက မပေးခဲ့တဲ့ နာမည်တစ်ခုကို အဖေအမေဆီက တောင်းဆိုခဲ့ပါတယ်.....
စိုင်းဘုန်းထက်......နောက်တစ်လအကြာမှာပေါ့......အဲ့ဒီနေ့ကတော့ အရမ်းအေးတယ်.......
လောကကြီးက ကောင်လေးကိုဒီတိုင်းမထားပါဘူး.....
သူ့အတွက် ကောင်မလေးတစ်ယောက်ကို လက်ဆောင်ပေးခဲ့တယ်......ကမ္ဘာဦးအစကလိုဖန်ဆင်းရှင်ဆီကလည်း သူမတောင်းဆိုခဲ့ပါဘူး.......
သူ့ရဲ့ အရိုးတစ်ချောင်းကလည်း ကောင်မလေးမဖြစ်ခဲ့ပါဘူး.......
ကောင်မလေးကကောင်မလေးပေါ့.......မိုးချမ်းမြေ့လို့ ပတ်ဝန်းကျင်ကရော....မိသားစုကပါ သမုတ်ခဲ့ကြပါတယ်....
အာဒမ်နဲ့ ဧဝလိုမဟုတ်ခဲ့ပေမယ့် သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်......
မူလတန်းကျောင်းရောက်တော့ သူတို့ ၂ ယောက်ကို မိသားစု ၂ ခုက တစ်နေ့ကို တစ်လှည့်စီ မုန့်စားဆင်းရင် ထမင်းလာကျွေး......ကျောင်းဆင်းရင် လာကြိုလုပ်ပေးခဲ့ကြပါတယ်......
“စိုင်း.......ငါ ဘိုမရုပ်လေးလိုချင်တယ်ဟာ......”
ကောင်လေးတွေဝေသွားတယ်......ဒါပေမယ့်.....
“ခဏလေး....ငါ ဝယ်ပေးမယ်......”
ကောင်လေး အိမ်ကိုပြန်ပြေးသွားတယ်.....ပြီးတော့ အမေ့ ခေါင်းအုံးအောက်က ပိုက်ဆံအိပ်ဆီသို့..........
“မိုးရေ.......မိုး.....”
“အော်.....သားလေးစိုင်း...လာလေ.....မိုးရှိတယ်....”
မိုးပြေးထွက်လာတော့ သူအရုပ်လေးပေးလိုက်တယ်.......မိုးအရမ်းပျော်နေတယ်............သူလည်းကြည်နူးမိတယ်........ဒါပေမယ့်......အိမ်ကိုပြန်ရောက်တော့.....
“သား.....လာဦး”
“ပိုက်ဆံကို ဘာလို့မပြောပဲယူရတာလဲ.....သား”
“မိုးက အရုပ်လိုချင်လို့ဆိုလို့ပါမေမေ”
အဲ့ဒီနေ့က သူ အရိုက်ခံရတယ်.......မျက်ရည်တော့ မထွက်ခဲ့ဘူး......သူပျော်တယ်......သူမိုးအတွက်စတေးခဲ့ရတယ်......သူ့ကိုသူတန်တယ်လို့ မှတ်ယူခဲ့တယ်........
အဲ့ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေး ၁၀ တန်းရောက်ခဲ့ပါတယ်.....မိုး.......အရမ်းလှတယ်........သူမိုးအကြောင်းတွေ စဉ်းစားမိနေတယ်......ဘာလို့လဲတော့သူမသိဘူး......
“မိုးကလည်း သည်းလိုက်တာဗျာ......”
ဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက် သူ့ကိုသူရေရွတ်သွားတာပါ............သူတစ်ခုကို သတိရသွားမိတယ်......
မိုးမှာထီးမပါဘူး.......သူမိုးကိုစောင့်ရမယ်.......မိုးကိုထီးပေးပြီး သူဒီတိုင်းပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်.......မိုးတို့ အတန်းဘက်ကို သူပြေးလာခဲ့တယ်......
သူမြင်လိုက်ရတဲ့ မြင်ကွင်းကမိုးကို ကောင်လေးတစ်ယောက်လာကြိုနေတာပါပဲ....မိုးကလည်း ကြည်ကြည်ဖြူဖြူနဲ့ ပါပဲ........
ခံစားချက်က ဘာနဲ့မှ မတူအောင်ပါပဲ......ရင်ထဲက ထုတ်မပြောတတ်ပေမယ့်
လက်မှထီးက မြေကြီးပေါ်ကိုဆင်းသက်သွားပါတော့တယ်......
သူဘာမှာ မစဉ်းစားတတ်အောင်......တွေဝေနေတယ်......
မိုးရွာထဲမှာ ကောင်လေးမျက်နှာက ကြေကွဲနေပါတယ်......
ခဏနေတော့ ကောင်လေးပြေးလိုက်သွားတယ်.......မိုးဘေးနားက ကောင်ကို သူအားရပါးရထိုးပစ်လိုက်တယ်.....
“ဟဲ့........စိုင်း.....နင်ဘာလုပ်တာလဲ......”
“ကြည့်လို့မရလို့ဟာ.....ဘာဖြစ်လဲ.....”
“နင်ကဘာကောင်မို့လို့လဲ......ဒါကငါ့ချစ်သူဟဲ့.......နင်လည်း ကိုယ့်ဟာကိုယ်နေ....ငါလည်း ကိုယ့်အလုပ် ကိုလုပ်မယ်....”
သူဘာဆက်လုပ်ရမလဲ......အဖြေရှာမရတဲ့ ပုစ္ဆာအတွက် ခေါင်းကို ငုံ့ထားလိုက်မိတယ်.......

နတ်သမီးရေ…..
သွားပါ….ရွက်လွှင့်ပါ……
ဘယ်ရင်ခွင်က နင့်အတွက်လုံခြုံမှာလဲ……
မိုးရွာတိုင်း မပျော်ပေမယ့်
ငါ့မျက်ရည်တွေက မိုးကို ကူညီခဲ့တယ်….
ထီးတိုင်းက မစိုအောင်လုပ်မပေးနိုင်ပါဘူး……
ငါစိုက်ခဲ့တဲ့ ပန်းကိုမပန်ရပေမယ့်……
လေဒဏ်ကြောင့် မပျက်စီးစေရပါဘူး……..
စိတ်ချပါ……..
လေကွယ်ရာအရပ်က
နင့်အတွက်ထီးတစ်ချောင်းကိုင်လျှက်ပါပဲ……..
မျက်ရည်တွေ စတေးထားလို့ ပိုလုံခြုံမှာပါ………......။

အချစ်ရဲ့ မျှော်လင့်ခြင်း လမင်း....(၂)  

Posted by sensorheart

နင်ဆိုတဲ့
တည်ရှိနေမူဟာ
ငါ့အတွက်တော့
မျက်ရည်မိုးတွေကြားကတောင်မှ
ပြုံးစေတတ်တာပါ….
ကောင်မလေးရယ်…………….။

မနေ့က မိုးရွာထဲမှာ ရပ်နေခဲ့တာ ကြာသွားလို့ထင်တယ်……..
မနက်မိုးလင်းတော့ သူ့တစ်ကိုယ်လုံး ကိုက်ခဲနေတယ်……..သူ မိုးမျက်နှာကိုပဲ မြင်မိနေတယ်……
သူ မိုးကိုချစ်တယ်……..မိုးကရော….????????ခေါင်းတွေကိုက်လာတယ်……….
မိုးဆီက အချစ်တွေ ရဖို့ သူဘာပဲပေးဆပ်ရ……ပေးဆပ်ရ……..မိုးကို မြတ်နိုးတယ်…..မိုးကိုသူ ရည်းစား စကားပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်…..
သြော်….မိုး……မိုး…..
ရွာပါ……ရင်ထဲမှာ ရေကြီးပါစေ……
မုန်တိုင်း တွေတော့ မသယ်လာပါနဲ့……
မိုးကို ပေးမယ် ရည်းစားစာက (၃)လကြာသွားပြီ……သူမိုးကို ကြောက်နေတာလား…….မဟုတ်ဘူး…….ချစ်တာ……..ရုတ်တရက် အတွေးတစ်ခု ရောက်လာတယ်……မိုးတို့ အိမ်ကို သူပြေးခဲ့တယ်…….
“မိုး…..မိုး….မိုးရေ…..”
ကျွန်တော်ရဲ့ မိုးစက်လေး ထွက်လာပါတယ်…….သူမိုးလက်ကို ဆွဲပြီး အပြင်ကို ခေါ်လာခဲ့တယ်……ပြီးတော့
“မိုး……နင် ဒီစာအုပ်လေးကို ယူထားနော်….ပြီးတော့ အလယ်မှာ စာတစ်စောင်ပါတယ်……နင့် အတွက် အရမ်း အရေးကြီးတယ်…သေချာဖတ်နော်…….”
“ဟာ……ဘာလဲဟာ…..မယူဘူး……နင်က ဘာမှန်းလဲမသိဘူး……ဘာလဲဆိုတာတော့ ပြောဦးလေဟာ……..”
“မိုး….နင် ပြန်မမေးနဲ့ ဟာ…….ငါသွားတော့မယ်……”
သူ မိုးလက်ထဲကို စာအုပ် ထိုးထည့်ပြီး ပြေးထွက်လာခဲ့တယ်…….မိုး ရှေ့မှာ ကြာကြာနေရင် သူရင်ခုန်နူန်းတွေ ရပ်ပြီင်္း သေသွားနိုင်တယ်…..မိုးရေ……နင်ကန်သွင်း လိုက်တဲ့ ပင်နယ်တီဂိုးကို ငါဘယ်လိုဖမ်းရမှာလဲ………နောက်နေ့ ကျောင်းရောက်တော့ မိုး ကျွန်တော့် စာသင်ခန်းထဲ ရောက်လာပါတယ်……….
“မိုး…..”
မိုးမျက်နှာက တင်းမာမနေပေမယ့် သူကြောက်နေတယ်………ဘာကိုလဲ……? ဘာအတွက်လဲ………?
“စိုင်း……နင်ဘာသူငယ်ချင်းလဲ…….မစားသင့်တဲ့ အသီးကို နင်က ခူးဆွတ်ချင်တာလား………”
သူ ခေါင်းကို ငုံထားလိုက်တယ်…….အမှတ်ရလိုက်တာကတော့ မိုးရှေ့မှာ ခေါင်းငုံခဲံ့ရတာဘယ် နှစ်ခါမှန်းတောင် မသိတော့ဘူးဆိုတာပါပဲ….
“နင့်လို သူငယ်ချင်းမျိုးကို ငါအလိုမရှိဘူးဟာ………နင်နောက်တစ်ခါ ဒီလိုမျိုး ငါ့ကိုမစော်ကားပါနဲ့……..နင်ကိုငါ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်တော့ရှိတယ်….ခုတော့ နင့်ရဲ့ ညစ်ထွေးနေတဲ့ စိတ်နဲ့ ငါ့ကိုအရောင်ဆိုးတယ်…….နင် ငါနဲ့ အဝေးဆုံးဆိုတဲ့ နေရာမှာနေပေးပါ……..ငါသွားမယ်……စိုင်း….”
ကျွန်တော် ဘာလုပ်ရမလဲ………..ဒူးထောက်ရမှာလား……..ချစ်သူ ချမှတ်လိုက်တာ သေဒဏ်လား……ရက်စက်တယ်လို့ ဘယ်တရားရုံးကို တိုင်တည်ရမှာလဲ……….နေရောင်ခြည်ကို မထိရဲတဲ့ လူသားတစ်ယောက်လို သူဘယ်မှ မထွက်ရဲတော့ပါဘူး……..မိုးရှိနေတဲ့ ကမ္ဘာက သူ့အတွက် သံစဉ်မရှိတော့ဘူးလား……
“အမေ……သား နိုင်ငံခြားသွားချင်တယ်…..”
“ဘာလို့လဲ….သားရဲ့….”
“သား ဟိုမှာပဲ စာသွားသင်ချင်တယ်……….”
အမေစီစဉ်ပေးတဲ့ ဦးလေးတွေရှိတဲ့ အမေရိကား ကို သွားဖို့ ပြင်ဆင်မိတယ်………..နောက်တစ်ပတ်ဆိုသွားရတော့မယ်…….သူမိုးကို တွေ့ချင်တယ်……..မိုးသတ်ရင်လည်း သူခံရဲတယ်……မိုးကရော…..သူ့ကိုတွေ့ချင်မှာတဲ့လား…….မိုးနဲ့ တွေ့ချင်စိတ်က အိပ်မက်ဆိုးကြီးကတားဆီးနေပါတယ်……….သူသွားရတော့မယ်…………ခနနေရင် လေယဉ်ကွင်းကို သွားရတော့မယ်………သူဘာမှ မတွေးတော့ပါဘူး……….ခြေလှမ်းတွေက…..
“မိုး….မိုး”
မိုးပြေးထွက်လာတယ်……..မိုးမျက်နှာကို သူကြည့်လိုက်တယ်……..ဟုတ်တယ်…..မျက်ရည်တွေ……..
အို……..မိုးမျက်ရည်တွေ ကျနေတာပဲ…….
“မိုး……ဘာလို့ မျက်ရည်ကျနေတာလဲ……..”
မိုးအတွက် အဖြေမရှိဘူးလား………မဖြေတာလား……
“ငါ……သွားတော့မယ်နော်……..”
မိုး ခေါင်းငုံပြတယ်…………ရုတ်တရက်…….သူမိုးကို ထွေးဖက်လိုက်မိတယ်………..အသိတရားပြန်ရတော့ မိုးက သူ့ရင်ခွင်ထဲမှာ..........
“မငိုပါနဲ့နော်…မိုး…..နင်မပေးချင်တဲ့ အဖြေကို ငါမတောင်းတော့ ပါဘူး………”
“ဒါပေမယ့်…….နင်ငါ့ကို ချစ်ချစ်….မချစ်ချစ်ဟာ…..နင်ဟန်ဆောင်ပြီး အဖြေတစ်ခုတော့ ပေးလိမ့်မယ်လို့ ငါမျှော်လင့်မိတယ်….”
မိုးမျက်ရည်ကျနေဆဲပါ…….သူ အရမ်းကြေကွဲသွားတယ်…..မိုး ဘာလို့မျက်ရည်ကျရတာလဲ……..
“မိုး…..ငါသွားတော့မယ်နော်………”
မိုးရပ်နေတယ်………
“သားရေ…သွားမယ်…..နောက်ကျနေပြီ….”
သူခြေလှမ်းတို့က ကားဆီသို့…………ကားပေါ်ရောက်တော့ မိုးကို နောက်ဆုံးအနေနဲ့ လှမ်းကြည့်မိတယ်………မိုးပြေးထွက်လာတယ်……….
“စိုင်း…….နေဦး….”
“နင့်ကိုငါစိတ်မဆိုးပါဘူးဟာ…….နင်လိုချင်တဲ့ အဖြေကို ငါ ဟန်မဆောင်ပဲ ပေးမယ်နော်………”

သူရင်တွေ အရမ်းခုန်သွားတယ်……ရင်ထဲမှာ ကြယ်တွေ သီချင်းဆိုနေတာလား……?
ကောင်မလေး……
နောက်တစ်ခါ မပြုစားပါနဲ့တော့….
မှောင်မဲနေတဲ့ ငါ့ညတွေကို
အလင်းပေးမယ့်နေ့ရောက်ရင်
ကမ္ဘာကြီးကို မီးဖျက်ထားပါရစေ…….
နင့်ရင်ထဲက အချစ်စစ်..
အလင်းရောင်ကို ဂုဏ်ပြုမလို့ပါ……….။

အချစ်ရဲ့ မျှော်လင့်ခြင်း လမင်း....(၃)  

Posted by sensorheart

ကျွန်တော် အံ့သြသွားမိတယ်........အခုအချိန်မှာ မိုးဆီက ဘာတစ်ခုမှ မမျှော်လင့်တော့တာ အမှန်ပါပဲ........မိုးပေးမယ့် အဖြေကိုသိနေတယ်........
ဒါပေမယ့်.......မိုးရယ်.......နင့်ဆီက အဖြေရပြီးရင် ခွဲရတော့မှာလေ.......
“မိုး.....သွားတော့မယ်နော်......”
သူ မသိသလိုနဲ့ပဲ ပြောလိုက်မိတယ်........မိုးနဲ့ ပတ်သတ်တိုင်း နောင်တတွေ ဆက်ရနေဦးမှာပဲဆိုတာ ကျွန်တော်သိပါတယ်......
သြော်.....ကောင်မလေးရယ်
ရင်ထဲက မီးတောင်
ပေါက်ထွက်တော့မယ် ထင်ပါရဲ့........
မျက်ရည်နဲ့ စခဲ့တဲ့
ငါ့တိမ်တိုက်က ဘယ်အထိတောင်
ရွာနေရဦးမှာလဲ.............။
ကျွန်တော်မြန်မာပြည်နဲ့ ခွဲခွာပြီး နောက်တစ်နှစ်အကြာမှာပေါ့.......မိုး မေမေနဲ့ ဖေဖေ တစ်လဆီပဲခြားပြီး ဆုံးသွားတယ်.........ကျွန်တော် ဘာဆက်လုပ်ရမလဲ.......မိုးကို သနားတယ်......မိုးဘယ်လိုနေမလဲ.........အနာဂတ်ကို စွန့်ခွာပြီး မိုးရှိတဲ့ မြန်မာပြည်ကိုလာခဲ့ရမှာလား..........ဦးလေးကို တိုင်ပင်မိတယ်.......ဦးလေးက အလည်သဘောပဲသွားခိုင်းခဲ့တယ်...........ကျွန်တော် ပြန်ရောက်ရောက်ချင်း မိုးတို့ အိမ်ဘက်ကို ပြေးထွက်လာခဲ့တယ်.........
မိုး အိမ်ရှေ့မှာ ထိုင်နေတယ်........
“မိုး.....”
တစ်ယောက်ကို တစ်ယောက်တင်းကျပ်စွာ ဖက်ထားမိတယ်.........မိုးရယ်.......အကောင်းဆုံး အဖြေကိုသက်သေပြလိုက်တာပေါ့......ငါ နင့်ကို အရမ်းချစ်ပါတယ်ဟာ...........
“မိုး.....အားမငယ်ပါနဲ့နော်......”“နင်အတွက်ဆို ဘယ်အချိန်မဆို ပေးဆပ်ပါရစေ.......”
မိုး ဘာမှ မပြောဘူး......ခေါင်းညိတ်ပြရုံပဲ လုပ်ပြခဲ့တယ်.......မိုး စိတ်ထဲမှာ တစ်ခုခုကို သိနေသလိုပါပဲ......ကျွန်တော်ဘာမှ မမေးတော့ပါဘူး......အခု အချိန်မှာ မိုးကျေနပ်ပျော်ရွင်နေဖို့က အဓိကပါ.......မိုးနဲ့ ကျွန်တော်ရဲ့ အချစ်တွေ ပူနွေနေတုန်းပဲရှိပါသေးတယ်.....ကျွန်တော် ဟိုကိုပြန်သွားခဲ့ရတယ်........ကျွန်တော် ရွေးချယ်ခဲ့တဲ့လမ်းအတွက် ကျွန်တော့်မှာ ဖြေရှင်းချက်မပေးနိုင်ဘူး.........
မိုးရယ်......ပြန်လာမှာပါ.....တစ်နေ့နေ့ရောက်ရင်ပေါ့.....ဘယ်တော့မှ
မခွဲကြေးနော်.........
ဘယ်တော့မှ မပြည့်စုံတဲ့ လောကကြီးက ဆုတောင်းဆိုတဲ့ စကားကိုလည်း မပြည့်ပေးခဲ့ပါဘူး........ကြယ်တွေကို သနားမိတယ်.....ဆုတောင်းရင် ပြည့်တယ်ဆိုတဲ့ အတွက်ပါ.......
မိုး ဆေးရုံတက်နေရတယ်ဆိုတဲ့ စကားက ကမ္ဘာပြိုသွားတယ်လို့ ထင်သွားမိတယ်....ရင်ထဲထိအောင်ပစ်သွားတဲ့ မိုးကြိုးပါ......မိုး မှာ ဖြစ်နေတာက သွေးကင်ဆာ တဲ့.........
သွားပြီပေါ့.......
မိုးရေ.......
မျက်ရည်တွေ မရှိတော့ဘူး.......
သောက်သုံးတဲ့ သူမရှိပေမယ့်
မိုးအတွက် ဖြေဆည်းစရာ
အဖြေတစ်ခုကို ပေးခဲ့သင့်ပါတယ်.....
ကမ္ဘာ့အပြင်ဘက်မှာ တစ်ယောက်တည်း
လမ်းလျှောက်ရလိမ့်လို့
ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး.....
ကျေနပ်ရမှာပေါ့....
သောက်သုံးရမယ့် အရည်တစ်ချို့ကို
ဖန်ဆင်းရှင်က ထားပေးခဲ့သေးတယ်လေ............။

အချစ်ရဲ့ မျှော်လင့်ခြင်း လမင်း....(၄)  

Posted by sensorheart

မိုးရဲ့ အနာဂတ်က ဘာမှန်းမသိပေမယ့် ကျွန်တော် အပြီးအပိုင် ပြန်လာခဲ့ပါတယ်......မိုးရဲ့ နောက်ဆုံးအချိန်အတွက်လား.........
မဟုတ်ဘူး.......မိုးမသေရဘူး.......မသေရဘူး......ကျွန်တော်ရဲ့ ဘဝမျှော်လင့်ချက်တွေ အိပ်ပျော်သွားပါစေ......မိုးအတွက် ရှင်သန်
နေတဲ့ မျှော်လင့်ချက်ကတော့ ဘယ်တော့မှ အဆုံးသတ်ခြင်းကို မရောက်စေရပါဘူး.......
ပြန်ရောက်ရောက်ခြင်း မိုးရှိတဲ့ ဆေးရုံဆီကို ကျွန်တော်တန်းသွားခဲ့တယ်......သြော်...မိုး...မိုး.....ကျွန်တော့်ရဲ့ ကောင်းကင်လေး.....
ပန်းတစ်ပွင့်ထက်လှပခဲ့တဲ့ သူမ .....ခုတော့ .....ကျွန်တော်ပြောမပြတတ်အောင် ဝမ်းနည်းနေပါတယ်.....မိုးကို ဒီလိုပုံစံမျိုးနဲ့ တွေ့ရ
လိမ့်မယ်လို့ဘယ်တုံးကမှ မမျှော်လင့်ခဲ့တာပါ......
“မိုး.....”
သူအားယူပြီး ကျွန်တော်ကိုပြုံးပြပါတယ်......ကျွန်တော် မိုးကိုပွေ့ဖက်ပြီး အားရပါးရ ငိုကြွေးမိတယ်.......သူ့အတွက်နှစ်သိမ့်နိုင်မယ့်
စကားလုံးကဘာလဲ........မိုးကို နံရံမှာ မှီခိုင်းဖို့အတွက် ခေါင်းအုံးကို ဆွဲဖယ်လိုက်မိတယ်.....
“ဟာ.....မိုး...ပိုက်ဆံတွေအများကြီးပါလား......”
“အင်း......ဒီပိုက်ဆံတွေအားလုံးက ငါ့ပိုက်ဆံ မဟုတ်ပါဘူးဟာ......”
ကျွန်တော် မိုးဆိုလိုတာကို သဘောမပေါက်ဘူး.......ဒါပေမယ့်.....မမေးတော့ပါဘူးလေ........
“အော်”
မိုးမျက်နှာက ထူးခြားနေဆဲပါပဲ……
“အဟမ်း……..အဟမ်း”
ချောင်းဟန့်သံကြောင့် သူနောက်ကိုလှည့် ကြည့်လိုက်တယ်………..
ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်………
“သူ့နာမည်က ကိုကောင်းဆက်တဲ့…..စိုင်း”
မိုးက မိတ်ဆက်ပေးပါတယ်……….
“မိုး….အိပ်တော့ကွာ….ကိုယ်ဘယ်သူနဲ့မှ စကားပြောတာမတွေ့ချင်ဘူး…”
ကျွန်တော် စိတ်ကို ထိန်းထားမိတယ်………
“မိုး….သူဘယ်သူလဲ…”
“နောက်တော့ သိမှာပေါ့ဟာ….”
“စိုင်း….နင်ပြန်တော့နော်……”
ကျွန်တော်ပြန်လာခဲ့တယ်……..အိမ်ရောက်တော့ မေမေဆူပါတယ်……
“ဟဲ့……သား…နင်ဘာသွားလုပ်တာလဲ…….”
“မိုးကိုသွားတွေ့တာပါ….မေမေ”
“မိုးက အရင်လို မဟုတ်တော့ဘူး….သား”
“သူရောဂါ ဖြစ်တာကြာပြီ…….သူ့မှာ အဖေရော အမေရော မရှိတော့ အဖွားက သူ့ရောဂါကို ကုနေရတာ…ကြာတော့
သွေးပုလင်းလဲတဲ့ စရိတ်နဲ့တင် သူတို့ စီးပွားရေးဘာမှ မကျန်တော့ဘူး…….အဲ့ဒီမှာ ကောင်းဆက်ဆိုတဲ့ သူက မိုးရဲ့
ရောဂါကို ပျောက်အောင်ကုပေးမယ်လို့ ဂတိပေးခဲ့တယ်…..သူမှာ အရင်အိမ်ထောင်ရှိတယ်….သား….သူက ရောဂါ
ပျောက်ရင် မိုးက လက်ထပ်ရမယ်တဲ့……”
“ဘာ…..ဘယ်လို မေမေ..”
“ဟုတ်တယ်….သား…နောက် မသွားပါနဲ့တော့နော်……”
သူဘာဆက်လုပ်ရမလဲ…….သူမြန်မာကိုပြန်လာခဲ့တာ ဘာအတွက်လဲ……သြော် ချစ်သူ ….သေဒဏ်ချလိုက်ပြီပေါ့နော်….
ဘဝတစ်ခုလုံးပျက်စီးသွားပြီ………ဘာလဲ…..ဘာကြောင့်လဲ……ဒီလိုဖြစ်ရတာ…….
မိုး ရောဂါကို စင်္ကပူမှာ သွားကုတယ်လို့ကြားရတယ်………မိုးဆေးရုံက ပြန်လာတဲ့ တစ်နေ့ သူမိုးဆီကိုသွားခဲ့တယ်…..
မိုးကို ကောင်းဆက်ဆိုတဲ့ သူနဲ့ တွေ့လိုက်ရတယ်…..
ကျွန်တော် စိတ်မထိန်းနိုင်တော့ ဘူး……ကောင်းဆက်ဆိုတဲ့ လူကို ဆွဲထိုးမိတယ်…..
“မင်းကွာ….ကိုယ့်တူမလောက် ပဲရှိတာကို လုပ်ရက်တယ်ကွာ…..”
ကျွန်တော် အားရပါးရထိုးနေသလောက် ထိုလူ ဘာမှ ပြန်မလုပ်ပါ……..
“စိုင်း….နင်ဒါဘာလုပ်တာလဲ……နင်ကဘာကောင်မို့လို့လဲ………နင်ခုငါ့ အိမ်ရှေ့က ထွက်သွားဟာ……နင့်မျက်နှာကို ငါ
မမြင်ချင်တော့ဘူး…….”
ကျွန်တော် အလိုလိုမျက်ရည်တွေကျလာမိတယ်…….ကျွန်တော် အချစ်ရဆုံး ချစ်သူက ကျွန်တော့်ကို နှင်ထုတ်တာပါ……
မိုးရဲ့ စကားလုံးတွေကို ပြန်လည်ကြားယောင်ရင်း ကျွန်တော် ဒူးထောက်ကျသွားတယ်…..
“မိုးရယ်………နင်ပြောရက်တယ်နော်…….နင် ငါ့ရဲ့ ကျရူံးခန်းကို မြင်ရပြီမှတ်လား…..ကျေနပ်ပါတော့ဟာ…..နင်ပေးတဲ့
ဒဏ်ရာတွေက နောက်ဘဝထိ ပြည့်စုံသွားပါပြီ……”
မိုးကို ကားပေါ်ခေါ်တင်သွားခဲ့တာကိုပဲ မြင်လိုက်ပါတယ်……ကျွန်တော်မြင်ကွင်းမှာ ဘာမှမမြင်တော့ဘူး……..ကယ်တင်သူလည်းမရှိပါဘူး……ကျွန်တော်ဘယ်သူ့ကို အပြစ်တင်ရမှာလဲ………
ကျွန်တော်မှာ အပြစ်ရှိတာလား………မိုးမှာ ရှိတာလား……..ကောင်းဆက်မှာလား……….ကံကြမ္မာကိုလား…….
အဖြေမထွက်နိုင်တဲ့ ချစ်ခြင်းတိုက်ပွဲကြားမှာ ကျွန်တော်ကျရူံးသွားပါပြီ…..®®®®®®®®®®®®®®®

အဝေးရောက်တမ်းချင်း  

Posted by sensorheart

အဝေးရောက် တမ်းချင်း
အစွန်းအထင် မရှိတဲ့ အဖြူရောင် နှင်းစက်တွေကြားမှာ
ပုတ်သိုးနေတဲ့ နှလုံးသားတစ်ခုနဲ့
အိပ်မက်တွေကတော့ လတ်ဆပ်နေတုန်းပဲ….
စိတ်ကူးထဲက ဟိုး.. အရင် ဆုံတွေခဲ့တဲ့ အချိန်အပိုင်း အစတွေ
ပြန်ကြည့်တိုင်း မျက်ဝန်းထဲမှာ ရေအိုင်တွေ အပြည့်ပါပဲ …
ကြင်နာတဲ့ မိဘရဲ့  အရိပ်စစ် တစ်ခုနဲ့ ဝေးခဲ့ရတဲ့ ကျွန်တော် အတွက်တော့
ရက် လ နှစ်တွေတိုင်အောင် မပြောင်းလဲတာက တော့
နာရီလက်တံတွေ ထိပ်ဆုံးရောက် တဲ့ အထိ
ဟိုးအဝေး က ချစ်ရသော သူတစ်ယောက်ကို သတိရနေမိတယ်
လှုပ်ရှားမူ မရှိတော့တဲ့  နိုးစက်ကလေး ကတောင် ကျွန်တော်ကို ဟားတိုက်ပြီး
၆နာရီတဲ့
ဟုတ်ပါတယ်ဗျာ… တကယ်တော့ ဒို့နှစ်ယောက်လဲ
နာရီလက်တံတွေလို တောင်နဲ့မြောက် ဝေးကွာနေကြတာပဲလေ
မတူညီတဲ့ နေရာနှစ်ခုမှာ နေထိုင်ရပ်တည်နေရတာ
အလုပ်မလုပ်တော့ တဲ့ နာရီလေးလိုပဲ
သတိရတဲ့ အချိန်မှာ ချစ်သူမျက်နှာလေးကို တွေ့ခွင့်မရတဲ့ သူတစ်ယောက်အတွက်
မင်း မရှိတော့ အဓိပါယ် မဲ့ နေတဲ့ ဘ၀ ကလဲ အခွံ ပါပဲ…
ကြင်နာမှုတွေ က နာကျင်မှုတွေနဲ့ အစားထိုးနေရတဲ့ သူတစ်ယောက် အတွက်
လွမ်းစရာလေးတွေကို ပြန်ပြောပြပေးပါ လေညှင်းလေးရယ်…
ငါ သူကို ဘယ်လောက် သတိရနေလဲ ဆိုတာကို ပေါ့ …….

About Myanmar & Traditional Game

About  Myanmar & Traditional  Game

Arts & Literature

Arts & Literature