Fund For Cyclone Of Myanmar

Fund  For  Cyclone Of  Myanmar

Traditional Of Russian

Traditional Of Russian

ကိုယ်ချင်းစာနာ နားလည်စွာဖြင့် ထလော့ မြန်မာ အိုမြန်မာတွေ  

Posted by sensorheart

ကိုယ်ချင်းစာနာ နားလည်စွာဖြင့် ထလော့ မြန်မာ အိုမြန်မာတွေ
ကျွန်တော်တို့တွေဟာ မြန်မာပြည်သားတွေပါ...

ဘယ်နေရာ ဘယ်အရပ်ကို ရောက်ရောက်.....
မြန်မာဟာမြန်မာပါပဲ...
တစ်ယောက်က စစ်သား တစ်ယောက်က အရပ်သား
တစ်ယောက်ကနိုင်ငံရေးသမား ဆိုပြီးအမျိုးမျိုးရှိကြပေမယ့်...
အားလုံးရဲ့စိတ်မှာ မြန်မာဆိုတာ တည်ရှိနေတာပါပဲ...
ကိုယ့်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာ ကို ချစ်မြတ်နိုးကြပါတယ်...
စိတ်ထဲမှာကိန်းအောင်နေယုံနဲ့တော့ မျိုးချစ်စစ်ဆိုတာဖြစ်မလာပါဘူး...
ကဲ မကြာသေးခင်ကပဲ ဘယ်သူမှ တားဆီးလို့မရတဲ့ ကပ်တစ်ခုဆိုက်ရောက်လာပါတယ်...
အဲဒီ နာဂစ် မုန်တိုင်းကြောင့်ပဲ လူသောင်းချီပြီး သေဆုံးခဲ့ရတယ် ...
အိုးမဲ့အိမ်မဲ့ ဘ၀ကို ရောက်ခဲ့ရတဲ့ ဘ၀တွေကို
ဝမ်းနည်းစရာ ကောင်းလောက်အောင် သိရှိကြမှာပါ ...
ကျွန်တ်ာမြန်မာပြည်မှာ မွေးတဲ့မြန်မာတွေ ဆိုရင် မြန်မာအချင်းချင်း ကူညီရိုင်းပင်းသင့်ပါတယ် ...
အဲဒီတော့ ဘာတွေ လုပ်ကြမှာလဲ ...
နိုင်ငံအနှံအပြားမှာလဲ မြန်မာပြည်သူလူထုအတွက်
အုတ်တချက်သဲတပွင့် အနေနဲ့ ဆောင်ရွက်နေကြတာကိုလဲ သိရှိနေရပါတယ် ...
ကျွန်တော်တို့ နိုင်ငံခြားရောက် လူငယ်များကလဲတတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ပါတယ် ...
မုန်တိုင်း ကြောင့်ပျက်ဆီးဆုံးရှုံးမှုများကို ရန်ပုံငွေအဖြစ်
Russia နိုင်ငံရှိ တက္ကသိုလ် အမြောက်အမြားမှ အလှူငွေများ ထည့်ဝင်လှူဒါန်းသလို ...
Kursk State Technical University မှလဲ ရန်ပုံငွေအတွက်
ပြဇာတ်များ သီဆိုဖျော်ဖြေမှု ကပွဲများကို ပြုလုပ်ခဲ့ကြပါတယ် ...
သူငယ်ချင်းတို့ကိုလဲ တတ်အားသမျှ
မြန်မာပြည်သူ ပြည်သားများအတွက်
ပါးစပ်ကသာပြောမနေပဲ လက်တွေ့ဆောင်ရွက်ကြပါလို့ တိုက်တွန်းလျက် ....
မင်းနေခ(KSTU)

This entry was posted on Wednesday, May 28, 2008 . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

About Myanmar & Traditional Game

About  Myanmar & Traditional  Game

Arts & Literature

Arts & Literature