မိုးရဲ့ အနာဂတ်က ဘာမှန်းမသိပေမယ့် ကျွန်တော် အပြီးအပိုင် ပြန်လာခဲ့ပါတယ်......မိုးရဲ့ နောက်ဆုံးအချိန်အတွက်လား.........
မဟုတ်ဘူး.......မိုးမသေရဘူး.......မသေရဘူး......ကျွန်တော်ရဲ့ ဘဝမျှော်လင့်ချက်တွေ အိပ်ပျော်သွားပါစေ......မိုးအတွက် ရှင်သန်
နေတဲ့ မျှော်လင့်ချက်ကတော့ ဘယ်တော့မှ အဆုံးသတ်ခြင်းကို မရောက်စေရပါဘူး.......
ပြန်ရောက်ရောက်ခြင်း မိုးရှိတဲ့ ဆေးရုံဆီကို ကျွန်တော်တန်းသွားခဲ့တယ်......သြော်...မိုး...မိုး.....ကျွန်တော့်ရဲ့ ကောင်းကင်လေး.....
ပန်းတစ်ပွင့်ထက်လှပခဲ့တဲ့ သူမ .....ခုတော့ .....ကျွန်တော်ပြောမပြတတ်အောင် ဝမ်းနည်းနေပါတယ်.....မိုးကို ဒီလိုပုံစံမျိုးနဲ့ တွေ့ရ
လိမ့်မယ်လို့ဘယ်တုံးကမှ မမျှော်လင့်ခဲ့တာပါ......
“မိုး.....”
သူအားယူပြီး ကျွန်တော်ကိုပြုံးပြပါတယ်......ကျွန်တော် မိုးကိုပွေ့ဖက်ပြီး အားရပါးရ ငိုကြွေးမိတယ်.......သူ့အတွက်နှစ်သိမ့်နိုင်မယ့်
စကားလုံးကဘာလဲ........မိုးကို နံရံမှာ မှီခိုင်းဖို့အတွက် ခေါင်းအုံးကို ဆွဲဖယ်လိုက်မိတယ်.....
“ဟာ.....မိုး...ပိုက်ဆံတွေအများကြီးပါလား......”
“အင်း......ဒီပိုက်ဆံတွေအားလုံးက ငါ့ပိုက်ဆံ မဟုတ်ပါဘူးဟာ......”
ကျွန်တော် မိုးဆိုလိုတာကို သဘောမပေါက်ဘူး.......ဒါပေမယ့်.....မမေးတော့ပါဘူးလေ........
“အော်”
မိုးမျက်နှာက ထူးခြားနေဆဲပါပဲ……
“အဟမ်း……..အဟမ်း”
ချောင်းဟန့်သံကြောင့် သူနောက်ကိုလှည့် ကြည့်လိုက်တယ်………..
ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်………
“သူ့နာမည်က ကိုကောင်းဆက်တဲ့…..စိုင်း”
မိုးက မိတ်ဆက်ပေးပါတယ်……….
“မိုး….အိပ်တော့ကွာ….ကိုယ်ဘယ်သူနဲ့မှ စကားပြောတာမတွေ့ချင်ဘူး…”
ကျွန်တော် စိတ်ကို ထိန်းထားမိတယ်………
“မိုး….သူဘယ်သူလဲ…”
“နောက်တော့ သိမှာပေါ့ဟာ….”
“စိုင်း….နင်ပြန်တော့နော်……”
ကျွန်တော်ပြန်လာခဲ့တယ်……..အိမ်ရောက်တော့ မေမေဆူပါတယ်……
“ဟဲ့……သား…နင်ဘာသွားလုပ်တာလဲ…….”
“မိုးကိုသွားတွေ့တာပါ….မေမေ”
“မိုးက အရင်လို မဟုတ်တော့ဘူး….သား”
“သူရောဂါ ဖြစ်တာကြာပြီ…….သူ့မှာ အဖေရော အမေရော မရှိတော့ အဖွားက သူ့ရောဂါကို ကုနေရတာ…ကြာတော့
သွေးပုလင်းလဲတဲ့ စရိတ်နဲ့တင် သူတို့ စီးပွားရေးဘာမှ မကျန်တော့ဘူး…….အဲ့ဒီမှာ ကောင်းဆက်ဆိုတဲ့ သူက မိုးရဲ့
ရောဂါကို ပျောက်အောင်ကုပေးမယ်လို့ ဂတိပေးခဲ့တယ်…..သူမှာ အရင်အိမ်ထောင်ရှိတယ်….သား….သူက ရောဂါ
ပျောက်ရင် မိုးက လက်ထပ်ရမယ်တဲ့……”
“ဘာ…..ဘယ်လို မေမေ..”
“ဟုတ်တယ်….သား…နောက် မသွားပါနဲ့တော့နော်……”
သူဘာဆက်လုပ်ရမလဲ…….သူမြန်မာကိုပြန်လာခဲ့တာ ဘာအတွက်လဲ……သြော် ချစ်သူ ….သေဒဏ်ချလိုက်ပြီပေါ့နော်….
ဘဝတစ်ခုလုံးပျက်စီးသွားပြီ………ဘာလဲ…..ဘာကြောင့်လဲ……ဒီလိုဖြစ်ရတာ…….
မိုး ရောဂါကို စင်္ကပူမှာ သွားကုတယ်လို့ကြားရတယ်………မိုးဆေးရုံက ပြန်လာတဲ့ တစ်နေ့ သူမိုးဆီကိုသွားခဲ့တယ်…..
မိုးကို ကောင်းဆက်ဆိုတဲ့ သူနဲ့ တွေ့လိုက်ရတယ်…..
ကျွန်တော် စိတ်မထိန်းနိုင်တော့ ဘူး……ကောင်းဆက်ဆိုတဲ့ လူကို ဆွဲထိုးမိတယ်…..
“မင်းကွာ….ကိုယ့်တူမလောက် ပဲရှိတာကို လုပ်ရက်တယ်ကွာ…..”
ကျွန်တော် အားရပါးရထိုးနေသလောက် ထိုလူ ဘာမှ ပြန်မလုပ်ပါ……..
“စိုင်း….နင်ဒါဘာလုပ်တာလဲ……နင်ကဘာကောင်မို့လို့လဲ………နင်ခုငါ့ အိမ်ရှေ့က ထွက်သွားဟာ……နင့်မျက်နှာကို ငါ
မမြင်ချင်တော့ဘူး…….”
ကျွန်တော် အလိုလိုမျက်ရည်တွေကျလာမိတယ်…….ကျွန်တော် အချစ်ရဆုံး ချစ်သူက ကျွန်တော့်ကို နှင်ထုတ်တာပါ……
မိုးရဲ့ စကားလုံးတွေကို ပြန်လည်ကြားယောင်ရင်း ကျွန်တော် ဒူးထောက်ကျသွားတယ်…..
“မိုးရယ်………နင်ပြောရက်တယ်နော်…….နင် ငါ့ရဲ့ ကျရူံးခန်းကို မြင်ရပြီမှတ်လား…..ကျေနပ်ပါတော့ဟာ…..နင်ပေးတဲ့
ဒဏ်ရာတွေက နောက်ဘဝထိ ပြည့်စုံသွားပါပြီ……”
မိုးကို ကားပေါ်ခေါ်တင်သွားခဲ့တာကိုပဲ မြင်လိုက်ပါတယ်……ကျွန်တော်မြင်ကွင်းမှာ ဘာမှမမြင်တော့ဘူး……..ကယ်တင်သူလည်းမရှိပါဘူး……ကျွန်တော်ဘယ်သူ့ကို အပြစ်တင်ရမှာလဲ………
ကျွန်တော်မှာ အပြစ်ရှိတာလား………မိုးမှာ ရှိတာလား……..ကောင်းဆက်မှာလား……….ကံကြမ္မာကိုလား…….
အဖြေမထွက်နိုင်တဲ့ ချစ်ခြင်းတိုက်ပွဲကြားမှာ ကျွန်တော်ကျရူံးသွားပါပြီ…..®®®®®®®®®®®®®®®
Fund For Cyclone Of Myanmar
Traditional Of Russian
This entry was posted
on Tuesday, April 22, 2008
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
About Myanmar & Traditional Game
Arts & Literature
မာတိကာ
လာလည်ကြတဲ့သူငယ်ချင်း
သံချောင်းခေါက်ရန်
သတိပေးခြင်း - ပေါက်ကရများမရေးရ။
0 comments