မိုးလည်းမရွာ....နေလည်းမပူ....နှင်းလည်းမကျတဲ့ ဒီဇင်ဘာညတစ်ညပေါ့......
အဲ့ဒီနေ့မှာ လောကကြီးက ကောင်လေးတစ်ယောက်ကိုအူဝဲဆိုတဲ့ သံစဉ်ကို ဟစ်ကြွေးခွင့်ပေးခဲ့ပါတယ်.....ကောင်လေး....ကောင်လေး.....
လောကကြီးက မပေးခဲ့တဲ့ နာမည်တစ်ခုကို အဖေအမေဆီက တောင်းဆိုခဲ့ပါတယ်.....
စိုင်းဘုန်းထက်......နောက်တစ်လအကြာမှာပေါ့......အဲ့ဒီနေ့ကတော့ အရမ်းအေးတယ်.......
လောကကြီးက ကောင်လေးကိုဒီတိုင်းမထားပါဘူး.....
သူ့အတွက် ကောင်မလေးတစ်ယောက်ကို လက်ဆောင်ပေးခဲ့တယ်......ကမ္ဘာဦးအစကလိုဖန်ဆင်းရှင်ဆီကလည်း သူမတောင်းဆိုခဲ့ပါဘူး.......
သူ့ရဲ့ အရိုးတစ်ချောင်းကလည်း ကောင်မလေးမဖြစ်ခဲ့ပါဘူး.......
ကောင်မလေးကကောင်မလေးပေါ့.......မိုးချမ်းမြေ့လို့ ပတ်ဝန်းကျင်ကရော....မိသားစုကပါ သမုတ်ခဲ့ကြပါတယ်....
အာဒမ်နဲ့ ဧဝလိုမဟုတ်ခဲ့ပေမယ့် သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်......
မူလတန်းကျောင်းရောက်တော့ သူတို့ ၂ ယောက်ကို မိသားစု ၂ ခုက တစ်နေ့ကို တစ်လှည့်စီ မုန့်စားဆင်းရင် ထမင်းလာကျွေး......ကျောင်းဆင်းရင် လာကြိုလုပ်ပေးခဲ့ကြပါတယ်......
“စိုင်း.......ငါ ဘိုမရုပ်လေးလိုချင်တယ်ဟာ......”
ကောင်လေးတွေဝေသွားတယ်......ဒါပေမယ့်.....
“ခဏလေး....ငါ ဝယ်ပေးမယ်......”
ကောင်လေး အိမ်ကိုပြန်ပြေးသွားတယ်.....ပြီးတော့ အမေ့ ခေါင်းအုံးအောက်က ပိုက်ဆံအိပ်ဆီသို့..........
“မိုးရေ.......မိုး.....”
“အော်.....သားလေးစိုင်း...လာလေ.....မိုးရှိတယ်....”
မိုးပြေးထွက်လာတော့ သူအရုပ်လေးပေးလိုက်တယ်.......မိုးအရမ်းပျော်နေတယ်............သူလည်းကြည်နူးမိတယ်........ဒါပေမယ့်......အိမ်ကိုပြန်ရောက်တော့.....
“သား.....လာဦး”
“ပိုက်ဆံကို ဘာလို့မပြောပဲယူရတာလဲ.....သား”
“မိုးက အရုပ်လိုချင်လို့ဆိုလို့ပါမေမေ”
အဲ့ဒီနေ့က သူ အရိုက်ခံရတယ်.......မျက်ရည်တော့ မထွက်ခဲ့ဘူး......သူပျော်တယ်......သူမိုးအတွက်စတေးခဲ့ရတယ်......သူ့ကိုသူတန်တယ်လို့ မှတ်ယူခဲ့တယ်........
အဲ့ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေး ၁၀ တန်းရောက်ခဲ့ပါတယ်.....မိုး.......အရမ်းလှတယ်........သူမိုးအကြောင်းတွေ စဉ်းစားမိနေတယ်......ဘာလို့လဲတော့သူမသိဘူး......
“မိုးကလည်း သည်းလိုက်တာဗျာ......”
ဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက် သူ့ကိုသူရေရွတ်သွားတာပါ............သူတစ်ခုကို သတိရသွားမိတယ်......
မိုးမှာထီးမပါဘူး.......သူမိုးကိုစောင့်ရမယ်.......မိုးကိုထီးပေးပြီး သူဒီတိုင်းပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်.......မိုးတို့ အတန်းဘက်ကို သူပြေးလာခဲ့တယ်......
သူမြင်လိုက်ရတဲ့ မြင်ကွင်းကမိုးကို ကောင်လေးတစ်ယောက်လာကြိုနေတာပါပဲ....မိုးကလည်း ကြည်ကြည်ဖြူဖြူနဲ့ ပါပဲ........
ခံစားချက်က ဘာနဲ့မှ မတူအောင်ပါပဲ......ရင်ထဲက ထုတ်မပြောတတ်ပေမယ့်
လက်မှထီးက မြေကြီးပေါ်ကိုဆင်းသက်သွားပါတော့တယ်......
သူဘာမှာ မစဉ်းစားတတ်အောင်......တွေဝေနေတယ်......
မိုးရွာထဲမှာ ကောင်လေးမျက်နှာက ကြေကွဲနေပါတယ်......
ခဏနေတော့ ကောင်လေးပြေးလိုက်သွားတယ်.......မိုးဘေးနားက ကောင်ကို သူအားရပါးရထိုးပစ်လိုက်တယ်.....
“ဟဲ့........စိုင်း.....နင်ဘာလုပ်တာလဲ......”
“ကြည့်လို့မရလို့ဟာ.....ဘာဖြစ်လဲ.....”
“နင်ကဘာကောင်မို့လို့လဲ......ဒါကငါ့ချစ်သူဟဲ့.......နင်လည်း ကိုယ့်ဟာကိုယ်နေ....ငါလည်း ကိုယ့်အလုပ် ကိုလုပ်မယ်....”
သူဘာဆက်လုပ်ရမလဲ......အဖြေရှာမရတဲ့ ပုစ္ဆာအတွက် ခေါင်းကို ငုံ့ထားလိုက်မိတယ်.......
နတ်သမီးရေ…..
သွားပါ….ရွက်လွှင့်ပါ……
ဘယ်ရင်ခွင်က နင့်အတွက်လုံခြုံမှာလဲ……
မိုးရွာတိုင်း မပျော်ပေမယ့်
ငါ့မျက်ရည်တွေက မိုးကို ကူညီခဲ့တယ်….
ထီးတိုင်းက မစိုအောင်လုပ်မပေးနိုင်ပါဘူး……
ငါစိုက်ခဲ့တဲ့ ပန်းကိုမပန်ရပေမယ့်……
လေဒဏ်ကြောင့် မပျက်စီးစေရပါဘူး……..
စိတ်ချပါ……..
လေကွယ်ရာအရပ်က
နင့်အတွက်ထီးတစ်ချောင်းကိုင်လျှက်ပါပဲ……..
မျက်ရည်တွေ စတေးထားလို့ ပိုလုံခြုံမှာပါ………......။
Fund For Cyclone Of Myanmar
Traditional Of Russian
This entry was posted
on Tuesday, April 22, 2008
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
About Myanmar & Traditional Game
Arts & Literature
မာတိကာ
လာလည်ကြတဲ့သူငယ်ချင်း
သံချောင်းခေါက်ရန်
သတိပေးခြင်း - ပေါက်ကရများမရေးရ။
0 comments